MM-ABSCH

MYANMAR ACCESS AND BENEFIT-SHARING CLEARING-HOUSE

ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နာဂိုယာ သဘောတူညီချက်အကြောင်း

နာဂိုယာ သဘောတူညီချက် ဆိုတာဘာလဲ? သဘောတူညီချက်သည် မျိုးဗီဇရင်းမြစ် အသုံးပြုသူများ၊ ထောက်ပံ့ပေးသောနိုင်ငံများနှင့် ယင်းနိုင်ငံများရှိ ဒေသခံများအတွက် ဗီဇရင်းမြစ် သုတေသနများ၏ အကျိုးအမြက်များကို မျှဝေပေးနိုင်ရန် ထောက်ပံ့ပေးသော ယန္တယားတစ်ခုဖြစ်သည်။ အတိတ်ကာလများတွင် ဇီဝခိုးယူမှုများသည် အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ခုဖြစ်ခဲ့ပြီး သဘောတူညီချက်၏အောက်တွင် မျိုးဗီဇဆိုင်ရာ သုတေသနသည် သဘောတူညီချက် စာချုပ်ဖြင့်ပြုလုပ်စေခဲ့သည်။


သဘောတူညီချက်ကို ဘယ်လိုအကောင်အထည်ဖော်မလဲ? အသုံးပြုသူတစ်ဦး (ဥပမာ ဆေးဝါးကုမ္ပဏီတစ်ခု) သည် အစိုးရသို့ အဆိုပြုလွှာတင်ရသည်။ ပြီးနောက် ပစ္စည်းစုဆောင်းခြင်းပြုလုပ်ရန် ကြိုတင်အသိပေး သဘောတူခွင့်ပြုချက်ရယူခြင်း (PIC) နှင့် ခွင့်ပြုပေးသော မြန်မာနိုင်ငံ နှင့် ဒေသခံများအား အကျိုးအမြက်ခွဲဝေပေးမည့် နှစ်ဦးသဘောတူ စာချုပ် ရယူရမည်။ ထို ၂ ခုပေါင်းအား ABS သဘောတူညီချက်စာချုပ်ဟု ခေါ်သည်။


မည်သည့် သုတေသနအမျိုးအစားများသည် ABS သဘောတူစာချုပ်နှင့် အကျုံးဝင်သနည်း? မြန်မာပြည်တွင်းတွင် ပြုလုပ်သော (သို့) နိုင်ငံခြားသို့ ပစ္စည်းများ တင်ပို့၍ ပြုလုပ်သော ဆေးဝါး၊ ဇီဝနည်းပညာနှင့် စိုက်ပျိုးရေးသိပ္ပံ စသည့် နယ်ပယ်များအောက်ရှိ မည်သည့် မျိုးဗီဇ သုတေသနမဆို အကျုံးဝင်ပါသည်။ သတင်းအချက်အလက်များ မည်သို့ ရနိုင်ပါသလဲ? MONREC-ECD ရှိ ABS National Focal Point ကို ဆက်သွယ်ခြင်းအားဖြင့် ရနိုင်ပါသည်။

ဇီဝမျိုးစုံမျိုးကွဲကွန်ဗင်းရှင်း CBD အကြောင်း

ဇီဝမျိုးစုံမျိုးကွဲကွန်ဗင်းရှင်းသည် ၁၉၉၃ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့မှစတင်ကာ သက်ဝင် ခဲ့ပါသည်။ ကွန်ဗင်းရှင်း၏ ပင်မ ရည်မှန်းချက်သုံးရပ်မှာ

  1. ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းခြင်း၊
  2. ဇီဝမျိုးစုံမျိုးကွဲများကို ရေရှည် တည့်တံစွာ အသုံးပြုခြင်း နှင့်
  3. မျိုးရိုးဗီဇအရင်းအမြစ်များ ထုတ်ယူသုံးစွဲခြင်းမှ ထွက်ပေါ် လာရရှိလာမည့် အကျိုးအမြတ်များကို သာတူညီမျှ ခွဲဝေခံစားခြင်း တို့ဖြစ်ပါသည်။

ကွန်ဗင်းရှင်းနှင့် သက်ဆိုင်သော အသေးစိတ်အချက်အလက်များနှင့် ၄င်း လည်ပတ်ပုံကို အောက်ပါ Link များတွင် ကြည့်ရှုနိုင်ပါသည်။

  • Text of the Convention
  • History of the Convention
  • Sustaining Life on Earth
  • Decisions
  • International Day for Biological Diversity
  • Strategic PlanAichi Biodiversity Targets
  • Programmes & Issues
How can information be obtained? By contacting the National
Focal Point for ABS, at MONREC- ECD email: ______________
More information:

Contact Us

Natural Resources Division
ecd.nr48@gmail.com
Phone: +95 67 431348
Fax: +95 67 431322