မြန်မာအစိုးရသည် “မျိုးရိုးဗီဇသယံဇာတများအား အသုံးပြုခွင့်နှင့် ၄င်းတို့အား အသုံးပြုခြင်းမှ ထွက်ပေါ်လာသော အကျိုးအမြတ်များအား မျှတ၍ တန်းတူညီမျှစွာ ခွဲဝေခြင်းဆိုင်ရာ နာဂိုယာနောက်ဆက်တွဲစာချုပ်”အား အကောင်အထည်ဖော်လျက်ရှိသည်။ မြန်မာနိုင်ငံသည် သဘောတူစာချုပ်အား ၂၀၁၄ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ကွန်ဗန်းရှင်း၏ အဖွဲ့ဝင်လဲဖြစ်သည်။
နာဂိုယာနောက်ဆက်တွဲ သဘောတူညီချက်ပါ ပြဌာန်းချက်များအား မြန်မာ့ “မျိုးရိုးဗီဇသယံဇာတများအား အသုံးပြုခွင့်နှင့် ၄င်းတို့အား အသုံးပြုခြင်းမှ ထွက်ပေါ်လာသော အကျိုးအမြတ်များအား မျှတ၍ တန်းတူညီမျှစွာ ခွဲဝေခြင်းဆိုင်ရာ ဥပဒေ အောက်တွင် သေချာစွာ လိုက်နာနိုင်ရန်အတွက် လုပ်ငန်းစဥ်တစ်ခု ရှိပြီးဖြစ်သည်။
သတင်းအချက်အလက်များအတွက် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရှိ ABS National Focal Point အား ဆက်သွယ်နိုင်ပါသည်။
နာဂိုယာသဘောတူညီချက်အား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရှိ National Focal Point မှတဆင့် အကောင်အထည်ဖော်ပြီး အထောက်အပံ့ပေးသော Competent National Authorities များမှာ-
အသုံးပြုခြင်းနှင့် အကျိုးအမြတ်ခွဲဝေခြင်းဆိုင်ရာ ဥပဒေအသစ်အောက်တွင် မျိုးဗီဇ ရင်းမြစ်အသုံးပြုသူအားလုံးသည် (နိုင်ငံသား / နိုင်ငံခြားသား) မည်သည့် မျိုးဗီဇ ရင်းမြစ်ဆိုင်ရာ သုတေသနအတွက်မဆို (ကင်းလွတ်ခွင့်ပေးထားသော သုတေသနများမှအပ) ABS သဘောတူညီချက်ရှိရမည်။ မြန်မာနိုင်ငံရှိ လက်ရှိ ABS သဘောတူညီချက်များအား ဤနေရာတွင် ကြည့်ရှုနိုင်သည်။
*မှတ်ချက်: နိုင်ငံခြားသားများအနေဖြင့် မည်သည့်သုတေသနအမျိုးအစားမဆို ABS သဘောတူညီချက်လိုအပ်မှု ကင်းလွတ်ခွင့်မရှိပါ။ မျိုးခွဲပညာ (taxonomy)၊ တောအမျိုးအစားလေ့လာခြင်းနှင့် အပင်ပေါက်များ လေ့လာခြင်း၊ စိုက်ပျိုးသီနှံအမျိုးအရည်အသွေးမြင့်တင်ခြင်းများ အပေါ်လေ့လာသော ပြည်တွင်း သုတေသနလုပ်ငန်းများအား ကင်းလွတ်ခွင့်ပေးထားသည်။